လောကကြီးမှာ အချစ် (၃) မျိုးရှိတယ်.<br/>
(၁) - သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့အချစ်<br/>
(၂) - ဦးနှောက်နဲ့စဉ်းစားချိန့်ချိန်ပြီးချစ်တဲ့အချစ်<br/>
(၃) - ယုံကြည်မှုနဲ့ချစ်တဲ့အချစ်<br/>အဲဒီ့ (၃) မျိုးထဲမှာ.......<br/>
(၁) - သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့အချစ်က အမြင့်ဆုံးဖြစ်တယ်<br/>အဲဒီ့ထဲမှာ သူငယ်ချင်းအချစ်လည်းပါတယ်
အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။
အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့ မိန်းကလေးဆိုတာ သင်သေချာလား။
အမျိုးသား – ဟုတ်ပါတယ်။
အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။
အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။
အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။
အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။
အတိုင်ပင်ခံ – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။
အမျိုးသား – ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင် သူနာကျင်ခံစားရလိမ့်မယ်။
အတိုင်ပင်ခံ – အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။
အမျိုးသား – ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။
အတိုင်ပင်ခံ – မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့ သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။
အမျိုးသား – သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို မချစ်နိုင်တော့ဘူးတဲ့။
အတိုင်ပင်ခံ – ဒီလို စကား မင်းကော ပြောဖူးသလား။
အမျိုးသား – ကျွန်တော်………..
အတိုင်ပင်ခံ – မင်းရှေ့က ဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ အလင်းဆုံးလဲ။
အမျိုးသား – မသိပါဘူး။
အတိုင်ပင်ခံ – ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။ ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။ အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို မင်း ပြောနိုင်လား။
အမျိုးသား – ကျွန်တော်…………
အတိုင်ပင်ခံ – မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့ ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။
အမျိုးသား – ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။
အတိုင်ပင်ခံ – ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။
အမျိုးသား – မသိတော့ဘူး။
အတိုင်ပင်ခံ – မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင် မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။
အမျိုးသား – အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။ လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။
အတိုင်ပင်ခံ – ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..
အမျိုးသား – ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။ ကျွန်တော့် မိန်းမပါ။
ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့ တံတိုင်းပြင် ပေါ့။ အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့ စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။ အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။. နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က ကျေနပ်နေမိတယ်…. တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့ အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…
နှလုံးသားဖြင့်ဖတ်ပါ

လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေ
"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို
အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ
မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း
အပြောခံနေရတယ်။
ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်
စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"
နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။
ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။
ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ
ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။
လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့
ပြန်ပြောသွားတယ်။
ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့
ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့
လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ
ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"
တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။
အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်
ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို
နှစ်ခါပဲ မြင်ဖူးသေးတာ။
အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်
အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော
အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"
ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။
အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း
ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်
နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က
အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း
မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့်
ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ
ဖြစ်မယ်။"
မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့
ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက
မင်းရဲ့ ပုခုံးတွေပဲ"
"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်
ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့
ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း
တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊
သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို
အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

လမ်းနံဘေးတလျှောက်မှာပဲ ဆိုပါစို့ရဲ့
အလုပ်သမား၂ယောက် တူတူ ရောက်လာကြသည်
ပထမ တယောက်က မြေတွင်းကလေးတွေ တူးသည်
သိပ်မကြာ နောက်တယောက် ထိုမြေတွင်းကလေးတွေကို လိုက်လိုက်ဖို့နေသည်
တတွင်းမဟုတ် နှစ်တွင်းမဟုတ်လုပ်နေကြတာ နေ့ဝက်တောင် ကျိုးလာပြီဆိုတော့ ဘေးနားက လူတွေက စိတ်ဝင်စားလာသည်
မနေနိုင်တော့ လူတယောက်က မြေတူးနေတဲ့သူကိုသွားစပ်စုကြည့်သည်
" နောင်ကြီး နောင်ကြီး ခင်ဗျားတို့ ဘာလုပ်နေကြတာတုန်းဗျ မနက်မိုးလင်းကတည်းက တယောက်က တွင်းတူးလိုက် နောက်တယောက်က လိုက်ဖို့လိုက်နဲ့"
" သြော် ကျွန်တော်တို့လား အလုပ်လုပ်နေကြတာလေဗျာ....။
သူလည်း သူ့အလုပ်သူလုပ် ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေကြတာလေ။
ဒါပေမယ့် တခုပဲ ရှိတယ် ဒီနေ့ သစ်ပင်စိုက်တဲ့တယောက် ခွင့်ယူထားလို့ မလာဘူးဗျ။
ကျွန်တော်ရယ် မြေလိုက်ဖို့တဲ့သူရယ် နှစ်ယောက်ထဲဖြစ်နေတာ"
ကျွန်တော်တို့ကော လူ့လောကမှာ အဲသည့်လူ၂ယောက်လို လိုနေတာကို ဖြည့်ပြီးလုပ်ဖို့ထက် ငါ့တာဝန်ကဒါပဲ ဘာမှ လာမပြောနဲ့
ငါ့အလုပ်ငါ တာဝန်ကျေအောင် လုပ်နေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့များ လုပ်နေကြသလား။
ကျွန်တော် မှီသလောက် ဥာဏ်နှင့် စဉ်းစားကြည့်မိပါသည်........
ကောင်လေးတွေကိုခွင့်လွှတ်သင့်တဲ့
အချက်(10)ချက်
၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ်
ဆိုပေမဲ့သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ။
၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက်ပါ….
စောင့်မနေပါနဲ့။...ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။
၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။
၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ…သင့်ကို
အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။
၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို
သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ့သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။
၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။
၇။ သူ့ကိုသံသယမ၀င်ပါနဲ့ "ဘယ်သွားမလဲ"
ဆိုတဲ့မေးခွန်းမေးမဲ့အစား"သတိထားသွားလို့ ပြောပါ။၈။
ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ
သူတို့ကဒီစကားကိုပိုကြား ချင်တယ်။
၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ..
သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးပါ။
၁၀။ သူကို ယုံကြည်ပါ.. သူသင့်ကို မလိမ်ပါဘူး လိမ်ခဲ့တယ်ဆိုရင်တောင်
Whitelie ပါ။ သင်တို့ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ။

အသိပေးစကားစုများ
စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့
လဲ လိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့ စိတ်၊
ပူနေရင် အေးတဲ့ စိတ်၊
နောက်နေရင် ကြည်တဲ့ စိတ်နဲ့
ချက်ချင်းလဲလိုက်ပါ။
ကောင်းတာကို
လုပ်ဖို့ လွယ်ရင်
ကောင်းတဲ့ လူ၊
မကောင်းတာကို
လုပ်ဖို့
လွယ်တယ်ဆိုရင်?။
သူများ
ပေးစာ ကျွေးစာ
တစ်ထောင်ဖိုး
စားရတာထက်
ကိုယ့်လုပ်စာ
တစ်ကျပ်ဖိုးက
ပိုပြီးမြိန်တယ်။
လေးစားထိုက်တဲ့သူရဲ့
စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်
နေပေါ့။
ဝမ်းသာစရာတွေလည်း
ကြုံခဲ့ဖူးပါပြီ။
ဝမ်းနည်းစရာတွေလဲ ဆုံခဲ့ဖူးပါပြီ။
ဘာမျှ
မယ်မယ်ရရ မရှိခဲ့ပါဘူး၊
အသိဥာဏ်တိုးပြီး
လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့။
“ငါ အတော်ဆုံး” လို့
ထင်နေရင်
“အဖျင်းဆုံး”
အဆင့်ကို
ရောက်သွားပြီ။
အခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံး မဟုတ်ရင်
အမြတ်ရသေးတယ်၊
စိတ်ချမ်းသာမှုကို ရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့။
ကောင်းတဲ့ အလုပ်ဟာ
နောက်ကျတယ် ဆိုတာ
မရှိပါဘူး။
လုပ်ငန်း
မစ ရသေးတာပဲရှိတယ်။
စေတနာကောင်းနဲ့
ပြည့်ပြည့်စုံစုံ
ကျွေးလိုက်ရလို့
ဝမ်းသာတယ် ဆိုရင်
သူ စားနိုင်သလောက်
စား တာကိုလည်း
ကျေနပ်နိုင်ပါစေ။
“မမှားသော ရှေ့နေ
မသေသော ဆေးသမား” တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ် သွားရင်
ရောဂါကျွမ်းတတ်တယ်၊
မမှားတာ
အကောင်းဆုံးပဲ။
အမြင့်ရောက်မှ
အမြင်ကျယ်တာထက်
အမြင်ကျယ်လို့
အမြင့်ရောက်တာက
ပိုကောင်းတယ်။
“ဘေး” ကို
ကြည့်လွန်းအားကြီးရင်
“ဘေး” တွေ့တတ်တယ်။
ဖြစ်ချင်တာကို
ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ
ဆုံးရှုံးလိုက်ရပြီ။
ဖြစ်နိုင်တာကိုသာ
ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ
အားလုံးဖြစ်လာမယ်။
လုပ်သင့်တာကို
မလုပ်မိရင်
မလုပ်သင့်တာတွေ
လုပ်မိနေတတ်တယ်။
တစ်ခါမှားမိရင်ပဲ
ပေးဆပ်ရတဲ့ အကြွေးက
တိုး ရင်း ပေါင်း
များလှတယ်။
ပေးဆပ်လို့ မရနိုင်တဲ့
အမှားမျိုးကတော့
အဆိုးဆုံးပဲ။
အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။
မြင်တဲ့ အတိုင်း
အမှန် ဖြစ်မှ
အမှန် အတိုင်း
မြင်တယ် ခေါ်တယ်။
မြင်တဲ့ အတိုင်း
မှန် မမှန်
ကြားတဲ့ အတိုင်း
မှန် မမှန်
ဆန်းစစ်ရမယ်။
အရာရာကို
အောင်မြင်နိုင်ဖို့
မိမိရဲ့
အရာရောက်မှုကို
မြှင့်တင်ပေးရမယ်။
အဟုတ်ပါလားလို့
ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို
မဟုတ်ဘူးလို့
မြင်သမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
ကိုယ့်စကားကို
သူ နားထောင်စေချင်ရင်
သူ့ စကားကို
အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး။
”အရေးအကြီးဆုံး
ဆိုတာတွေဟာ
ဘာမျှ မဟုတ်ပါလား” လို့
နားလည်ပြီးတော့
”ဘာမျှမဟုတ်တဲ့သဘော” ကို
သိဖို့က
အရေးအကြီးဆုံးပါပဲ။
ကိုယ်ဖြစ်ချင်တာတွေသာ
ရှေ့တန်းတင်ရင်
ကိုယ့်အတွက်
အဆင်ပြေသလို
ထင်ရပေမယ့်
အများနဲ့တော့
အဆင်ပြေဖို့ မလွယ်ပါဘူး။
ကလေးမှားရင်
တစ်ပြား၊
လူကြီးမှားရင်
တစ်ဆယ်၊
ဘယ်အမှားမှ
မကောင်းဘူး၊
တစ်ဆယ်က
ပိုဆိုးတယ်။
မေတ္တာ
ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင် လိုအပ်တယ်။
”ဖြစ်လည်း ဖြစ်ချင်တယ်၊
ဖြစ်လည်း ဖြစ်သင့်တယ်”
ဆိုရင်တောင်မှ
ဖြစ်နိုင်တာကို
ရွေးပြီး လုပ်ပါ။
ဖြစ်ချင်တိုင်း
ဓိဥာန်ရင်
အောင်မြင်ဖို့ မလွယ်ဘူး၊
ဖြစ်နိုင်တာကို
ကြိုးစားမှ
အဓိဥာန် အောင်မယ်။
ကောင်းတာကို
နားလည်သလောက် လုပ်စမ်းပါ၊
အလုပ် လုပ်ရင်းနဲ့
နားလည်လာလိမ့်မယ်၊
သိသလောက် ကျင့်
ကျင့်သလောက်
သိလာလိမ့်မယ်။
ကိုယ်က ကြိုက်လို့
ကောင်းတာ ထက်
ကောင်းတာ မို့လို့
ကြိုက်တယ် ဆိုရင်
အကောင်းဆုံးကို
ရနိုင်တာပေါ့။
အမှန်တရားက
နဂို ရှိပြီးသားပါ။
ဖန်တီးလို့ မရပါဘူး၊
ဖန်တီးထားတဲ့
အမှန်တရား ဆိုတာလည်း
ဘယ်တော့မှ မတည်မြဲသလို
မှန်လည်း မမှန်နိုင်ပါဘူး။
ကော်ပတ်ရုပ်ကို
လူ အစစ်ထင်ပြီး
ပျော်တတ်တဲ့ ကလေး။
ကလေးတွေကိုပါ
ကော်ပတ်ရုပ် အစစ်ထင်ပြီး
ပျော်တတ်တဲ့ လူကြီး။
ကစားချင်သလို ကစား
ထားချင်သလို ထားလို့ရပေမယ့်
ကော်ပတ်ရုပ်ဟာ
ကော်ပတ်ရုပ်ပါပဲ။
ယုံကြည်မှုသက်သက်နဲ့
မျက်စိမှိတ်ပြီး
”အားကိုရှာ” တတ်သလို
အသိဥာဏ်နဲ့
တစ်ဖက်သတ်ချိန်ထိုးပြီးလည်းရှာတတ်ကြတယ်၊
ယုံကြည်မှုနဲ့ အသိဥာဏ်
ညီမျှမှ
အားကိုရာ အစစ်
တွေ့မယ်။
လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်။
လူကို မမှုရင်
လူ့ဘောင်ရဲ့ ဘေးရောက်မယ်၊
လူကို မှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက
မထွက်နိုင်တော့ဘူး။
ဂရု မစိုက်လို့
လူကို မမှုတဲ့
လူမှုရေး။
ဂရုစိုက်ပြီး
လူကို မှုတဲ့
လူမှုရေး။
ဂရုစိုက်ပြီး
လူကို မမှုတဲ့
လူမှုရေး လို့
သုံးမျိုး ရှိတယ်။
အခက်အခဲဆိုတာ
ဥာဏ်နှုံသူအတွက်
ဘ၀ တစ်ခုလုံး
ကျိုးပျက်သွားတတ် ပေမယ့်
အသိဥာဏ်ရှိသူအတွက်
ဘ၀ကြီး တစ်ခုလုံး
တိုးတက်သွားနိုင်တယ်။
အလုပ် လုပ်သူက
အပြော မသန်၊
အပြောသန်သူက
အလုပ် မလုပ်၊
ပြောသလောက်
လုပ်ပြီး
လုပ်သလောက် ပြော၊
အပြောနည်းပြီး
အလုပ် လုပ်တာ
ကောင်းဆုံးပဲ။
လုံးလရှိသူက လက်ရုံးအားကိုး၊
ကြင်နာတတ်သူက
နှလုံးသားနဲ့ စဉ်းစား၊
စည်းကမ်းရှိသူက
ကိုယ်ကျင့်တရား လက်ကိုထား၊
မသိဥာဏ်ရှိသူ
ဥိးနှောက်နဲ့ ဆုံးဖြတ်၊
မြင့်မြတ်သူက
အမှန်တရားပေါ် ရပ်တည်။
အကြိုက်ချင်း
မတူကြပါဘူး၊
ကောင်းတာကို ကြိုက်ရင်
ကောင်းကြောင်းတော့
ပြောပေးလိုက်ပါ၊
ကြိုက်အောင်တော့
အတင်း မတိုက်တွန်းပါနဲ့။
”အစစ်” မဟုတ်သေးရင်
”အတု” လိုက်ရင်းနဲ့
တူပြီး အစစ်ဖြစ်သွားတယ်၊
ကောင်းတာကို အတု လိုက်ရင်
ကောင်းတာ ဖြစ်တယ်၊
ဒီလို နားလည်ရင်
မကောင်းတာကို အတု မလိုက်နဲ့။
လုပ်ကိုချင်စိတ်ရယ်
ကျွမ်းကျင်မှုရယ်
ရှိပြီး
လုပ်ကိုနေကျဆိုရင်
ဘယ်အလုပ်မဆို
လွယ်ကူသွားပါပြီ။
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်၊
ချင့်ချိန်တတ်သူကို
သူရဲ ဘောကြောင်တယ်၊
ရက်ရောသူကို လက်ဖွာတယ်၊
စည်းကမ်းနဲ့ ပေးသူကို ကပ်စေးနည်းတယ်၊
ဦးဆောင်နိုင်သူကို နေရာယူတယ်၊
ကျွမ်းကျင်သူကို လည်လွန်ုးတယ်လို့
အထင်မလွဲပါနဲ့။
သန်းခေါင်ယံမှာ နေသာတဲ့ အရပ် ဘယ်မှာရှိသလဲ....?
"လက်ပလန် "ဟာ အဓိကအားဖြင့် (ကမ္ဘာမြောက်ဘက်စွန်းအရပ်)အာတိတ် စက်ဝိုင်း အရပ်ဒေသ အတွင်းမှာရှိပါတယ် ၊ နော်ဝေမြောက်ပိုင်း ၊ ဆွီဒင် နဲ့ဖင်လန်နိုင်ငံ တို့ထိ ဖြန့်ကျက်တည်ရှိပါတယ်။ အဲဒီနေရာဟာ သန်းခေါင်ယံ နေမင်းတွန်းလင်းတဲ့ နေရာတွေ ပေါ့။ တစ်နေ့မှာ 24 နာရီလုံးလုံး အဆက်မပြတ် နေသာတယ်လေ၊ မေလလယ်ကနေ ဇူလိုင် လကုန် အထိ (73)လုံးလုံး ပေါ့။
ဘာကြောင့် ပင်လယ်ရေ ငန်သလဲ....?
ဆားဆိုတာ ဓာတ်သတ္တု တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ဆောင် တွေကို မိုးရေ တွေက တဖြည်းဖြည်းချင်းတိုက်စားတော့ ( အမူန့်လေးတွေ ဖြစ်ပြီး )မိုးရေနဲ့အတူ ပင်လယ်ထဲကိုစီးဆင်းသွားပါတယ်။ ပင်လယ်ရေကို ငန်စေပါတယ်။ ပင်လယ်ရေ အငွေ့ပျံတဲ့ အခါ ဆားက အငွေ့မပျံပဲ ကျန်ခဲ့ပါတယ်။
ပင်လယ်နီ ဟာ နီသလား.... ?
ရေပြင်ကို အနီရောင်ဖြစ်အောင် လုပ်ပေးနီုင်တဲ့ "အယ်လ်ဂျီ" တွေကြောင့် ၊ "ပင်လယ်နီ " ဆိုတဲ့ အမည်ကို ရတာဖြစ်ပါတယ်၊ဒီအပြောမကျယ်လှတဲ့ ကုန်းတွင်းပိုင်း ပင်လယ်ဟာ အိန္ဒိယသမုဒ္ဒရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရှေ.မြောက်အာဖရိက နဲ့ အာရပ်ကျွန်းဆွယ်ရဲ့ ကြားမှာတည်ရှိပါတယ် ။
ပင်လယ်သေဆိုတာ ဘာလဲ...?
ပင်လယ်ရေမျက်နှာပြင်အောက် 369-မီတာ၊ (၁၂၉၉) ပေမှာရှိတဲ့ အစ္စရေးနဲ့ ဂျော်ဒန်နယ်ခြားက ရေအိုင်ကြီး ဖြစ်ပါတယ်၊ အဲဒီအထဲက ရေတွေဟာ ရိုးရိုးပင်လယ်ဆားငန် ရေထက် ခုနစ်ဆ ပိုငန်ပါတယ်၊ ဘယ်လိုငါးမျိုးမှ အဲဒီရေထဲမှာ မနေနိုင်ကြပါဘူး၊ ရေကူးတဲ့ လူတွေလည်း ရေထဲကိုနစ်မသွားပဲ ရေပေါ်မှာပေါလောပေါ်နေပါတယ်။
ဖယောင်းတိုင် ဘာကြောင့် မီးတောက်လောင်သလဲ..?
ဖယောင်းတိုင်ရဲ့ မီးစာကို မီးညှိလိုက်တဲ့ အခါ၊ အပူရှိန်က ဖယောင်းကို အရည်ပျော်စေတယ် ၊ အရည်ပျော်သွားတဲ့ ဖယောင်းတွေက မီးစာရှိတဲ့ဆီကို တဖြည်းဖြည်းချင်း ရွေ.လျားစီးဝင်လာပါတယ်၊ အဲဒီဖယောင်းအရည်တွေက ဖယောင်းတိုင်ရဲ့ မီးတောက်ကလေးနဲ့ တွေ့တဲ့အခါ၊ ဖယောင်းအငွေ့ဖြစ်သွားပါတယ်။ အဲဒီဖယောင်းအငွေ့က လေထဲမှာတဲ့ အောက်ဆီဂျင်နဲ့ ရောနှောပြီး ဖယောင်းတိုင်မီးလေးအဖြစ် တောက်လောင် ပါတယ်။